လူရယ်လို့ဖြစ်လာရင် နားခိုရာ ရင်ခွင်တစ်စုံတော့ရှိရမှာပဲလေ။ ဒါပေမယ့် တစ်ချို့သော လူတစ်ချို့မှာ သူတို့နား ခိုဖို့ရာ ရင်ခွင်တစ်စုံဟာ ကံကြမ္မာ အလှည့်အပြောင်းတစ်ခုကြောင့် ပျောက်ကွယ်ခဲ့ရပါတယ်။ ဒါပေမယ့် ခံစားမှုနဲ့ နွေးထွေးမှုတွေ ပြည့်နေတဲ့ ရင်ခွင်တစ်ခုတော့ရှိပါတယ်။ ဒါကို ``အနှိုင်းမဲ့ရင်ခွင်´´ နာမည်ပေးချင်ပါ တယ်။ ဒီနေ ရာဟာ ရင်ခွင်ပျောက်နေတဲ့ ကလေးငယ်လေးတွေအတွက်နားခိုရာ ဖြစ်သလို၊ သူတို့လေးတွေရဲ့ ဘ၀လေးတွေ တိုးတက်အောင်မြင်စေဖို့ လမ်းညွှန်ပေးတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ အဲဒီနေရာမှာ တတ်နိုင်သလောက်ကို တစ်ဖက်တစ်လမ်းက ဖြည့်ပေးနေတဲ့ သူဟာ မိုးကောင်းကင်က ညအချိန်မှာ အလင်းရောင်ပေးနေတဲ့ လမင်းကြီး လောက် အလင်းရောင်မဖြာနိုင်ပေမယ့် ကြယ်လေးတစ်ပွင့် လောက်တော့ လမင်းကြီး မရှိတဲ့ခဏမှာ အလင်းရောင် တွေကို ပေးနိုင်ပါတယ်။ သူဟာ ``အနှိုင်းမဲ့ရင်ခွင် က ကြယ်လေးတစ်ပွင့်´´ ပါပဲ။
